Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 246 — Surah Al-Baqarah 2:246

တမန်တော်မူဆာနောက်ပိုင်းတွင်ရောက်ရှိလာခဲ့သော အစ္စရေးမျိုးနွယ်မှ အတိုင်အပင်ခံခေါင်းဆောင်အ ကြီးအကဲတို့၏လုပ်ရပ်နှင့်ပတ်သက်၍ အသင်တို့ မသုံးသပ်၊ မတွေးမြင်ကြလေသလော။ သူတို့သည် ငါအရှင်မြတ်၏နဗီတမန်တော်အား “(ငါအရှင်မြတ်၏ကျေနပ်နှစ်မြို့မှု ရရှိရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ တိုက်ခိုက်လို၍ (ထိုသို့ တိုက်ခိုက်နိုင်ရန်) ကျွန်ုပ်တို့အတွက် (တိုက်ရည်ခိုက်ရည်ကျွမ်းကျင်ပြီး စစ်ဦးစီးချုပ် တာဝန်ကိုပါယူနိုင်မည့်) ဘုရင်တစ်ပါးခန့်အပ်ပေးတော်မူပါ” ဟု တောင်းဆိုသည့်အခါ နဗီတမန်တော်က “အကယ်၍ သင်တို့အပေါ် စစ်မက်တိုက်ခိုက်ခြင်းကို (တာဝန်အဖြစ်) အတည်ပြုပြဌာန်းလျှင် သင်တို့က အပြန်အလှန် တိုက် ခိုက်ခြင်းမှ ရှောင်ပြေးကောင်းရှောင်ပြေးကြမည်လော။” ဟု မေးခဲ့ရာ သူတို့က ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏သား သမီးများသည်ပင် ကျွန်ုပ်တို့၏အိုးအိမ်နယ်မြေများမှ နှင်ထုတ်ခြင်းခံခဲ့ရပါလျှက် အဘယ်ကြောင့် မတိုက်ခိုက် ရမည်နည်း။”ဟု ဖြေဆိုခဲ့ကြ၏။ သို့သော် သူတို့အပေါ်၌ စစ်မက်တိုက်ခိုက်ခြင်းကို (မဖြစ်မနေလုပ်ရမည့် တာဝန်အဖြစ်) အတည်ပြု ပြဌာန်းသည့်အခါ သူတို့အနက် လူအနည်းစုမှအပ (ကျန်) အားလုံးမှာ မျက်နှာလွှဲ ကျောခိုင်း၍ ရှောင်ပြေးခဲ့ကြသည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် စည်းမျဉ်းတော်များကို ကျူးလွန်ချိုး ဖောက်၍ မတော်မတရား မမှန်မကန်ပြုလုပ်သူတို့၏အကြံအစည်များနှင့်လုပ်ရပ်ဟူသမျှကို အကြွင်းမဲ့ သိနေတော်မူသောအရှင်မြတ် ဖြစ်တော်မူ၏။