Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 247 — Surah Al-Baqarah 2:247

သူတို့၏နဗီတမန်တော်သည် သူတို့အား “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (စစ်ရေး၌သာမက အုပ်ချုပ်ရေး စွမ်းရည်ပါ ပြည့်ဝသော) တွာလူသ်အား သင်တို့အတွက် ဘုရင်အဖြစ် ပေါ်ထွန်းစေလျှက် ခန့်အပ်တော်မူခဲ့ပြီ။” ဟု ပြောခဲ့သောအခါ သူတို့က “တွာလူသ်မှာ ဥစ္စာဓနကြွယ်ဝမှု အလျှံပယ် (ပေးခံရပြီး ရယူပိုင်ဆိုင်ထား) ရှိသူ မဟုတ်သည့်အပြင် (အုပ်ချုပ်မှုအခွင့်အရေးလည်း ကျွန်ုပ်တို့မှာသာ ပိုမို၍ များပြားစွာ ရှိနေသောကြောင့်) သူ့ထက် ကျွန်ုပ်တို့သည် ဘုရင်ဖြစ်လာရန် ပို၍ ထိုက်ထန်ပါလျှက် သူက ကျွန်ုပ်တို့အပေါ် မည်သို့ (အုပ်ချုပ်ရေး တာဝန်ယူသည့်) ဘုရင် ဖြစ်နိုင်မည်နည်း။” ဟု စောဒကတက် ပြောဆိုခဲ့ကြ၏။ (နဗီတမန်တော်က) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်က သူ့ကို (နာမ်ရေးရာ၊ နိုင်ငံရေးရာနှင့်အုပ်ချုပ်ရေးရာ) ဉာဏဗလနှင့် (စစ်ရေးစွမ်းရည် ဆိုင်ရာ) ကာယဗလများ အလျှံပယ် ချီးမြှင်းပေးတော်မူလျှက် (သင်တို့အပေါ် အုပ်ချုပ်ခွင့် အာဏာရှိသူ အဖြစ်) ရွေးချယ်တော်မူခဲ့ပြီ။” ဟု မိန့်တော်မူခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) ခွင့်ပြုလိုတော်မူသောသူကိုသာ (အရှင့်နယ်မြေ၌) ဩဇာအာဏာချီးမြှင့်တော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဘုန်းတန်ခိုးဩဇာတော်အားဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်မူသောအရှင်၊ အရာခပ် သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။