Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 249 — Surah Al-Baqarah 2:249

ထို့နောက် တွာလူသ်ဘုရင်သည် သူ့စစ်တပ်နှင့်တကွ စစ်ချီထွက်သည့်အခါ သူက စစ်သားတို့အား “(ဂရုတ စိုက်နားထောင်ကြလော့) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မြစ်တစ်ခုဖြင့် အသင်တို့အား စမ်းသပ်တော်မူမည်ဖြစ်ရာ မည်သူမဆို လက်တစ်ခုပ်စာလောက်ရေကို ခပ်ယူခြင်းမှအပ ထိုမြစ်ရေကို သောက်သုံးသည်ရှိသော် ထိုသူသည် ကျွန်ုပ်၏အပေါင်းအဖော် မဖြစ်နိုင်ပေ။ ထိုမြစ်ရေအား မသောက်သုံးသောသူသည်သာလျှင် ကျွန်ုပ်၏အသိုင်းအဝိုင်းမှ ဖြစ်၏။” ဟု မိန့်ခဲ့၏။ သို့ရာတွင် မပြောပလောက်သည့်လူနည်းစုမှအပ (ကျန်လူ) အားလုံးသည် ထိုမြစ်ရေကို သောက်သုံးကြလေ၏။ တွာလူသ်နှင့်သူ့နောက်လိုက်များဖြစ်သော ယုံကြည်သူတို့က ယင်းမြစ်ကို ဖြတ်ကူးအပြီးတွင် (နောက်လိုက်များအနက်မှ ယုံကြည်မှု မခိုင်မာသူတို့က) ''ယနေ့ ကျွန်ုပ်တို့မှာ ဂျာလူတ်နှင့် သူ့စစ်တပ်ကို နှိမ်နင်းရန် အင်အားမရှိပါ။” ဟု ပြောဆိုခဲ့ကြသော်လည်း တစ်နေ့တွင် အလ္လာဟ်အရှင်မြတ်နှင့်ဆုံတွေ့ရမည်ကို တွေးတောဆင်ခြင်သူတို့ကမူ ''အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်ဖြင့် လူနည်းစုများစွာက လူများ စုပေါင်းများစွာကို အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့ (သော သာဓကလည်း ရှိ) ကြောင်း” ပြောဆိုခဲ့ကြ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံသူတို့နှင့်အတူ ရှိတော်မူ၏။