Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 25 — Surah Al-Baqarah 2:25
ယုံကြည်ပြီး ဖြောင့်မတ်မှန်ကန်သည့် ကောင်းမှုလုပ်ရပ်များဖြင့် ဘဝတည်ဆောက်ကြသူများအတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များ ရှိကြောင်း သတင်းကောင်းပါးလော့။ အဆိုပါ သုခဥယျာဉ်များတွင် အချိန်တိုင်း (အရောင်၊ အဆင်း၊ အနံ့အရသာအမျိုး မျိုးတို့ဖြင့် စဉ်ဆက်မပြတ် သစ်လွင် လန်းဆန်းနေသော) သစ်သီးဝလံမျိုးစုံကို ရိက္ခာအဖြစ် တည်ခင်းဧည့်ခံခြင်း ခံကြရမည်။ ထိုစဉ် လောကီနှင့်ဆင်တူသည့် ရိက္ခာမျိုးပေးခံရသောကြောင့် သူတို့က ""ကျွန်ုပ်တို့သည် ယခင်ကလည်း အလားတူရိက္ခာ မျိုးရခဲ့ဖူးပါ၏။"" ဟု ပြောကြမည်။ (လောကီဘဝနှင့်တမလွန်၏သုခဥယျာဉ်တို့၌ ရရှိမည့် စားနပ်ရိက္ခာတို့မှာ အရောင်၊ အဆင်း၊ အနံ့၊ အရသာ၊ ဆင်တူ၍ မမြင်ဖူးသည့်အရာများ မဟုတ်သောကြောင့် စွဲမက်ဖွယ်ရာအတိ ဖြစ်လာ၏။) ထို့ပြင် သူတို့အတွက် သန့်စင်သည့်ဘဝဖော်များလည်းရှိပြီး ထိုသုခဥယျာဉ်များတွင် ကာလအကန့်အသတ်မဲ့နေ ကြရလိမ့်မည်။