Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 250 — Surah Al-Baqarah 2:250

သူတို့သည် ဂျာလူသ်နှင့်သူ့စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် ရှေ့တိုး၍ချီတက်ခဲ့ကြစဉ် “အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့အား ခန္တီသည်းခံကြံ့ ခိုင်ရည် သွန်းလောင်း၍ (ဇွဲသတ္တိမြဲမြံအောင်) အားဖြည်းပေးတော်မူပါ။ ကျွန်ုပ်တို့၏ (ရပ်တည်ချက်များနှင့်) ခြေထောက်များကို ခိုင်မြဲစေတော်မူပါ။ မယုံကြည်သူ (အရှင့်အမိန့်တော်များအား ဖီဆန်ငြင်းပယ်သူ) တို့အပေါ်၌ လွှမ်းမိုးအောင်နိုင်အောင် ကူညီတော်မူပါ။” ဟု အရှင့်ထံ ဆုတောင်းပန်ကြားခဲ့ကြသည်။