Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 251 — Surah Al-Baqarah 2:251
အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုအမိန့်တော်ဖြင့် သူတို့သည် (ဂျာလူသ်နှင့်သူ့စစ်တပ်ကို) အပြတ်အသတ် တွန်းလှန်ချေမှုန်းနိုင်ခဲ့ပြီး ဒါဝူဒ်က ဂျာလူသ်ကို ကွပ်မျက်ခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် (တမန်တော်) ဒါဝူဒ်အား (အုပ်ချုပ်ရေးနှင့်နိုင်ငံရေးဆိုင်ရာ) ဩဇာအာဏာနှင့် (ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင်များ ချီးမြှင့်ပေးအပ်တော်မူပြီး အရှင်မြတ်၏ဆန္ဒတော်အရ လိုအပ်သမျှကို သွန်သင် လမ်းညွှန်တော်မူခဲ့၏။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အချင်းချင်းကြားတွင် အချို့ကိုအချို့အားဖြင့် ထိန်းချုပ်တွန်းလှန်စေတော်မမူခဲ့လျှင် ကမ္ဘာဂြိုဟ်၌ အဖျက်အမှောင့် (နှင့်သွေးထွက်သံယိုမှုများ) ဖြင့် ပြည့်နက်နေမည် ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် လောကခပ်သိမ်းအား စွမ်းရည်များ၊ လိုအပ်ချက်များနှင့်ရပ်တည်စေသည့် နိယာမတရားများ ပေးအပ်တော်မူ၍ ဂုဏ်ကျေးဇူးအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။