Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 253 — Surah Al-Baqarah 2:253
ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များအနက်မှ အချို့ကို ဂုဏ်သိက္ခာ၊ အဆင့်အတန်း မြင့်တင်ပေးတော်မူ၍လည်းကောင်း၊ အချို့ကို အလ္လာဟ်အရှင်မြတ်နှင့်တိုက်ရိုက်စကားပြောတော်မူ၍ လည်း ကောင်း၊ အချို့ကို အချို့ထက် ဂုဏ်သိက္ခာဖြင့် မြင့်မြတ်စေတော်မူခဲ့၏။ ငါအရှင်မြတ်သည် မရ်ယမ်၏သားဖြစ်သူ တမန်တော်အီစာ (ယေရှု) အား မြင်သာထင်ရှားသော သက်သေလက္ခဏာတော်နှင့်ရှင်းလင်းချက်များ ပေးအပ်တော်မူပြီး မြင့်မြတ်သောရူဟ် (ခေါ် ကောင်းကင်စေတမန်ဂျီဗ်ရီလ်) အားဖြင့်လည်း ကူညီတော်မူလျှက် အင်အားတောင့်တင်း စေတော်မူခဲ့ပြီ။ (အကယ်၍ အရှင်မြတ်က လူသားအား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မပေးဘဲ အခြားသက်ရှိ သက်မဲ့များကဲ့သို့ အရှင့်နိယာမတရားများကို မဖြစ်မနေ လိုက်နာစေရန်) အလ္လာဟ်အရှင်မြတ်၏ဆန္ဒတော်ရှိခဲ့လျှင် အရှင့်မြင်သာ ထင်ရှားသော သက်သေလက္ခဏာတော်နှင့်ရှင်းလင်းချက်များ သူတို့ထံရောက် ပြီးနောက် အချို့က (ဖြူစင်စွာ အပြည့်အဝ) ယုံကြည်ကြသော်လည်း အချို့က မယုံကြည် (ဖီဆန်ငြင်းပယ်) ၍ သဘောထား ကွဲလွဲလျှက် အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခဲ့ကြမည် မဟုတ်ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် (ထိုသို့) အချင်းချင်း တိုက်ခိုက်ကြမည် မဟုတ်သော်လည်း အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်က) ရည်ရွယ်တော်မူသည်ကိုသာ စီမံပြုလုပ်ဖြစ်တည်စေတော်မူ၏။