Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 254 — Surah Al-Baqarah 2:254
အို၊ ယုံကြည်သူအပေါင်းတို့၊ (အရှင့်စည်းမျဉ်းတော်များကို တသွေမတိမ်း လိုက်နာလျှက် စည်းလုံးညီညွတ် စွာဖြင့် ငြိမ်းချမ်းသော လူ့အသိုင်းအဝိုင်းတည်ဆောက်ရာတွင်) အလ္လာဟ်အရှင်မြတ်က သင်တို့ကို ပေးအပ်တော်မူသည့် စားနပ်ရိက္ခာ (ဥစ္စာဓန၊ ဩဇာအာဏာ၊ စွမ်းရည်နှင့်နည်းပညာများ) မှ (အလ္လာဟ်အရှင်မြတ်၏ကျေနပ် နှစ်မြို့မှုရရှိရန်အတွက် ရည်စူး၍) မည်သည့် အပေးအယူ၊ အရောင်းအဝယ်၊ ကူညီသူမိတ်ဆွေ အပေါင်းအ သင်းနှင့်ကိုယ်စားအသနားခံပေးမည့်သူမျှမရှိ (သော ကိုယ့်အပြစ်၏အကျိုးဆက်ကို မိမိကိုယ်တိုင်သာ အစစ်ဆေးခံရ၍ ခံစားရမည်ဖြစ်) သော တမလွန်တရားစီရင်မည့်နေ့ ရောက်မလာမီ အချိန်အထိ (ချို့တဲ့သူများအား) စွန့်လှူပေးကမ်းလှူဒါန်းကြလော့။