Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 255 — Surah Al-Baqarah 2:255
အလ္လာဟ်အရှင်မြတ်သည် (သက်ရှိအားလုံးကို ဖြစ်တည်ရှင်သန်လှုပ်ရှားစေတော်မူပြီး ယင်းတို့၏ သက် တမ်းတစ်လျှောက်၌ ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် လိုအပ်သည့် နိယာမတရားများနှင့်စည်းစနစ်များ ကိုလည်း ဖွံဖြိုးစေတော်မူသောအရှင်)၊ အစဉ်အမြဲ ရှင်နေတော်မူသောအရှင်မြတ်၊ (အရာခပ်သိမ်းတို့က ထိုအရှင်ကိုသာ မှီခိုနေရပြီး) ထိုအရှင်မြတ်သည် မည်သည့် အရာကိုမျှ မမှီခိုဘဲ တစ်ပါးတည်း ပကတိ ရပ်တည်နေတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် ထိုအရှင်မြတ်မှအပ အခြား (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်ကိုးကွယ်ထိုက်သော) အရှင်ဟူ၍ အလျဉ်းမရှိပေ။ (အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသော သက်ရှိတို့အတွက်သာ ဖြစ်သော) ငိုက်မျဉ်းခြင်းနှင့်အိပ်စက်အနားယူခြင်း (ဆိုင်ရာနိယာမ) တို့က (ယင်းတို့၏ အရှင်သခင်ဖြစ်တော်မူသော) ထိုအရှင်အပေါ်၌ မဖိစီး၊ မလွှမ်းမိုး၊ မအပ်စပ်နိုင်ကြချေ။ မိုးကောင်းကင်များနှင့် ကမ္ဘာဂြိုဟ်အတွင်း၌ ရှိသမျှတို့သည် အရှင့်အချုပ်အခြာအာဏာ၌သာ တည်ရှိနေကြပြီး ထိုအရှင်မြတ်က ပိုင်ဆိုင်တော်မူသောအရာများပင် ဖြစ်သည်။ ထိုအရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ (အရှင်မြတ်နှင့်အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောသူများကြားတွင်) အရှင်မြတ်ထံ အဘယ်သူက အခြားသူတို့အတွက် အသနားခံ တောင်းပန်ပေးနိုင်အံ့နည်း။ (အချိန်နှင့်အာကာသစည်းဘောင်ကို ဖြစ်တည်စေတော်မူသော) ထိုအရှင်မြတ်သည် (အချိန်နှင့်အာကာသစည်းဘောင်းအတွင်း၌ နေထိုင်ရသော) သူတို့၏ရှေ့မှောက်နှင့်နောက်ကွယ်တွင်ရှိသော (အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်ဆိုင်ရာ) ထင်ရှားပေါ်လွင်သော အဖြစ်အပျက်အကြောင်းအရာများနှင့်မျက်ကွယ်ရာ၌ရှိသော ကိစ္စအလုံးစုံတို့ကို အကြွင်းမဲ့ သိနေတော်မူ၏။ အရှင်မြတ်၏ခွင့်ပြုအမိန့်မရှိလျှင် အရှင့်ဉာဏ်တော် အနန္တမှ မည်သည့်အရာကိုမျှ (အရှင့်အစေခံများဖြစ်ကြသော လူသားတို့က) လွှမ်းခြုံသိနားလည် နိုင်ကြမည် မဟုတ်ပေ။ အရှင့် (ဘုန်းတန်ခိုး၊ ဩဇာအာဏာ၊ နိယာမတော်များနှင့်စည်းစနစ်များဆိုင်ရာ) အာဏာစက်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့ကို ဝန်းခြုံလွှမ်းမိုးလျှက် ရှိနေလေ၏။ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းသည် အရှင်မြတ်အတွက် အပန်းမကြီး၊ မရိုးမအီပေ။ စင်စစ် ထိုအရှင်မြတ်သည် (တုနှိုင်းမဲ့ ပကတိ ဇာတိတော်အားဖြင့်) အမြင့်မြတ်ဆုံးနှင့်ကြီးကဲမှု အထွဋ်အထိပ်ဆုံး ဖြစ်တော်မူ၏။