Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 256 — Surah Al-Baqarah 2:256

ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေး လမ်းစဉ်) ၌ အတင်းအကျပ်လုပ်စေသည့်နည်းစနစ် (မှိုင်းတိုက်သန့်စင်စေသည့်နည်းစနစ်ဟူ၍) လုံးဝမရှိပေ။ (အရှင်မြတ်ကို အာခံဖီဆန်စေသည့်) လမ်းမှားမှ (အရှင့်လမ်းညွှန်ရရှိမည့်) လမ်းမှန်ကို (သိသိသာသာ ကွဲပြားခြားနားစွာ သိမြင်နိုင်ရန်) ရှင်းလင်းထင်ရှားစွာ ရပ်တည်စေတော်မူခဲ့ပြီ။ သို့ဖြစ်ပေရာ၊ မည်သူမဆို (အရှင့် အစေခံ လူသားများအား ကိုးကွယ်ခြင်းနှင့်လူသားများက တီထွင်ဖန်တီးထားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်စရာအားလုံးကို မယုံကြည် (ငြင်းဆန်) ရုံမျှသာမက အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို သာလျှင် (ဖြူ စင်မြဲမြံစွာ) ယုံကြည်ကြလျှင် ထိုသူသည် (ဘဝတက်လမ်းမှ ပြုတ်မကျရအောင်) အလွန်ခိုင်မြဲပြီး စိတ်ချရသည့်အပြင် မည်သည့်အခါမျှ ကျိုးပျက်မည်မဟုတ်သော လက်ကိုင်ကို ဆုပ်ကိုင်ထားခဲ့လေပြီ။ ဧကန်မုချ၊ အရှင်မြတ်သည် (အရာခပ်သိမ်းတို့၏အသံအလုံးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ အရာခပ်သိမ်းကို သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။