Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 257 — Surah Al-Baqarah 2:257

အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူတို့၏ (စိတ်အချရဆုံးနှင့်အားအကိုးရဆုံး) အုပ်ထိန်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူပြီး သူတို့ကို (အတွေးအခေါ်၊ ဉာဏ်ပညာ၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့်နာမ်ရေးရာ လမ်းမှားရောက်မှုနှင့်) အမှောင်ထုများမှ (လောကီနှင့်တမလွန်ဘဝတို့၌ အောင်မြင်မှုအဖြာဖြာ ရရှိစေမည့်အရှင့်လမ်းစဉ်၏) အလင်းရောင်သို့ ဆွဲထုတ်ခေါ်ဆောင်တော်မူ၏။ မယုံကြည် (သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့၏အုပ်ထိန်းသူ (နှင့်အားထားရာ) များမှာ အလင်းရောင်မှ (မိစ္ဆာဒိဌိဆိုင်ရာ) အမှောင်ထုသို့ ဆွဲထုတ်ခေါ်ဆောင်မည့်သူများ (လူသားများက တီထွင်ဖန်တီးထားသော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ် ကိုးကွယ်စရာများ) ပင် ဖြစ်ကြပြီး ထိုသူတို့သည် ငရဲမီး၏အဖော်များ ဖြစ်ကြသည့်အလျှောက် ငရဲဘုံ၌ပင် ကာလအကန့်အသတ်မဲ့ နေထိုင်ကြရမည်။