Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 258 — Surah Al-Baqarah 2:258

အလ္လာဟ်အရှင်မြတ်သည် (လူသားအား) အုပ်ချုပ်ရေးဆိုင်ရာ အခွင့်အာဏာပေးအပ်ခဲ့တော်မူသည့်အတွက် (ဘဝင်မြင့်လျှက်) သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်နှင့်စပ်လျဉ်း၍ (တမန်တော်) အီဗ်ရာဟီးမ်အား အတိုက်အခံလုပ်ပြီး အာခံငြင်းခုံခဲ့သူအကြောင်းကို အသင်တို့ မတွေးမြင် မဆင်ခြင် မသုံးသပ်ကြသလော။ (တမန်တော်) အီဗ်ရာဟီးမ်က “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မှာ သက်ရှိအားလုံး၏ရှင်ခြင်း၊ သေခြင်းကို ဖြစ်စေတော်မူသော အရှင်ပင်ဖြစ်၏” ဟု ပြောသည့်အခါ (ဘုရင်ဖြစ်) သူက “ကျွန်ုပ်မှာလည်း ရှင်ခြင်း၊ သေခြင်းကို ဖြစ်စေနိုင်သော အခွင့်အာဏာရှိ၏။” ဟု တုံ့ပြန်ပြောခဲ့၏။ (တမန်တော်) အီဗ်ရာဟီးမ်က “ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် သူရိယနေမင်းကို အရှေ့ဘက်မှ ထွက်စေတော်မူ၏။ အသင်သည် ယင်းကို အနောက်ဘက်မှ ထွက်စေလော။” ဟု မိန့်ဆို၍ မယုံကြည် (သူ၊ အမှန်တရားကိုငြင်းဆန်) သူအား အငိုက်မိစေလျှက် အရေးနိမ့်စေခဲ့၏။ အလ္လာဟ်အရှင်မြတ်သည် မုချဧကန်ပင်၊ စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြုမူကျင့်ကြံသည့် လူမျိုးကို လမ်းညွှန်တော် မမူချေ။