Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 259 — Surah Al-Baqarah 2:259
သို့တည်းမဟုတ် (အလ္လာဟ်အရှင်မြတ်သည်သာလျှင် သေခြင်း၊ ရှင်ခြင်းကို ဖြစ်စေတော်မူကြောင်းနှင့်စပ် လျဉ်းသည့် နောက်ထပ် သက်သေတစ်ခုကို သိတရ ကြလော့၊ ယင်းမှာ) မြေလှန်၍အိမ်အောက်ကြမ်းပြင်များ အား အိမ်ခေါင်မိုးများပေါ်သို့ ပြိုကျစေလျှက် အိမ်များကို လုံးလုံးလျားလျား ဖြိုပစ်ထားသော မြို့ရွာတစ်ခုကို ကျော်ဖြတ်ခဲ့သူကဲ့သို့ပင် ဖြစ်၏။ သူက “အလ္လာဟ်အရှင်မြတ်သည် (နှစ်ပေါင်းများစွာ) ဤသို့ ပြိုကျပျက်စီးနေသော မြို့ရွာနှင့်ယင်းတို့ထဲတွင် သေကြေဆွေးမြည့်နေသူတို့ကို မည်သို့ ပြန်လည်ထူထောင် ရှင်သန်စေတော်မူမည်နည်း။” ဟု (သူ့ကိုယ်သူ) မေးခဲ့၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူ့အား သေစေတော်မူပြီး နှစ်ပေါင်းတစ်ရာ အကြာတွင် ပြန်လည်၍ ရှင်ပြန်ထစေတော်မူခဲ့၏။ (အရှင်မြတ်က သူ့အား) “အသင်သည် (ဤအခြေအနေ၌) မည်မျှကြာမြင့်စွာ နေခဲ့သနည်း။” ဟု မေးတော်မူရာ သူက “တစ်နေ့ သို့မဟုတ် တစ်နေ့၏တစ်စိတ် တစ်ပိုင်းသာ” ဟု ဖြေခဲ့၏။ အရှင်မြတ်က “အမှန်မှာ သင်သည် (ထိုအခြေအနေ၌) နှစ်ပေါင်းတစ်ရာ နေခဲ့ပြီ၊ သို့သော် သင်၏အစားအသောက်များကို လေ့လာကြည့်လော့။ ယင်းတို့သည် (နှစ်ပေါင်းတစ်ရာကြ ခဲ့သည့်တိုင်) ပြောင်းလဲခြင်း မရှိချေ။ သင်၏မြည်းကို စူးစမ်းလေ့လာကြည့်လော့။ မုချဧကန်၊ ငါအရှင်မြတ်သည် သင့်အား လူသားတို့ (၏သမိုင်းတစ်လျှောက်၌ ဖြစ်ပျက်ခဲ့သမျှအပေါ်တွင် စူးစမ်းလေ့လာ၍ သက်ရှိတို့၏ သေခြင်းရှင်ခြင်းသည် အရှင့်စည်းမျဉ်းအမိန့်တော်တစ်ခုသာ ဖြစ်ကြောင်းနှင့်လူသန်းပေါင်းများစွာ ကွယ်လွန် သွားခဲ့ကြောင်းကို သိနားလည်ပြီး တွေးတောနိုင်ရန်) အတွက် သက်သေလက္ခဏာတစ်ခုအဖြစ် ပြုလုပ်ပေးတော်မူ၏။ (သင်တို့၏ခန္ဓာကိုယ်အတွင်းရှိ) အရိုးများကို ငါအရှင်မြတ်က မည်သို့ ချိတ်ဆက်၍ ဖွံ့ဖြိုးစေတော်မူကြောင်း၊ တစ်ဖန် ယင်းတို့ကို အသားအရေဖြင့် မည်သို့ ဆင်ယင်ဖုံးအုပ်စေတော်မူကြောင်း (စသည်တို့ကို) စူးစမ်းလေ့လာ သုံးသပ်တွေးကြည့်ကြလော့။” ဟု မိန့်တော်မူခဲ့၏။ သူ့ကို ထိုသို့ ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းပြသည့်အခါ သူက “ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်း ဩဇာများဖြင့် လွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူကြောင်းကို ကျွန်ုပ်သိနားလည်ပါပြီ” ဟု လျှောက်ထားလေ၏။