Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 26 — Surah Al-Baqarah 2:26
မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ခြင်ကောင်ကို ဖြစ်စေ၊ ထိုထက်မက (ကြီး၊ ငယ်သောအရာနှင့်) ဖြစ်စေ၊ မည်သည့် ပမာဆောင်မှုကိုမျှ ရှက်ဖွယ်ရာအဖြစ် သတ်မှတ်တော်မမူပေ။ ယုံကြည်သူများသည် ယင်းကိုပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ (လူသားအကျိုးအတွက်ချီးမြှင့်တော်မူသည့်) မှန်ကန်သော သစ္စာတရား ဟု သိမြင် နားလည်ကြ၏။ နှလုံးသား၌ မယုံကြည်မှု အခိုင်အမာအမြစ်တွယ်နေသူများကမူ “အလ္လာဟ်အရှင်မြတ်သည် ယင်း (ကျမ်းတော်) ဖြင့် များစွာသော သူတို့အား လမ်းလွှဲစေတော်မူ၍ ယင်းဖြင့်ပင် များစွာသောသူတို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သောလမ်းစဉ်ကို ညွှန်ပြတော်မူ၏” ဟူသော အာယသ်တော်လာ) ဤဥပမာသည်ကား မည်သည်ကို ဆိုလိုသနည်း။” ဟု မေးမြန်းကြ၏။ (အရှင့်အမိန့်ပညတ်ချက်များကို) အာခံဖီဆန်သော ယုတ်မာသူများမှအပ မည်သူ့ကိုမျှ ယင်းအားဖြင့် လမ်းလွှဲစေတော်မူမည် မဟုတ်ပေ။