Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 260 — Surah Al-Baqarah 2:260

(သတိရကြလော့၊ တမန်တော်) အီဗ်ရာဟီးမ်က “အို၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်၊ အရှင်မြတ်သည် သက်မဲ့တို့အား မည်သို့ အသက်ဝင်လာအောင် လုပ်တော် မူသည်ကို (ကျွန်ုပ် မြင်တွေ့လို၍) ပြသတော်မူပါ” ဟု လျှောက်ထားသည့်အခါ အရှင်မြတ်က “အသင် မယုံကြည်သလော။” ဟု မေးတော်မူခဲ့၏။ သူက “ကျွန်ုပ် အပြည့်အဝ ယုံကြည်ပါ၏၊ သို့သော် ကျွန်ုပ်၏စိတ်နှလုံး၌ ဘဝင်ကျ နှစ်သိမ့်မှု ရရှိနိုင်ရန်အတွက်သာ“ ဟု လျှောက်ထားခြင်း ဖြစ်ပါ၏။” ဟု ဖြေဆိုခဲ့စဉ် အရှင်မြတ်က “ငှက်တို့အနက်မှ ငှက်လေးကောင်ကို ယူ၍ ယင်းတို့ကို (ယဉ်ပါးအောင် လေ့ကျင့်ပေးပြီးမှ) အပိုင်းပိုင်းဖြတ် တောက်လျှက် (ထိုအပိုင်းအစများအား တစ်ခုနှင့်တစ်ခုရောထွေးစေကာ) အပိုင်းအစတစ်ခုစီကို တောင်တစ်တောင်နှင့်တစ်ကောင် သီးခြားစီ၌ ချထားလော့။ ထို့နောက် ယင်းတို့အား (ယင်းတို့ကို ပေးထားသည့် အမည် နာမများဖြင့်) ခေါ် လော့။ ယင်းတို့က လျှင်မြန်စွာ (ပျံသန်းလျှက်) သင့်ထံ ရောက်လာလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ တရားစီရင်ရာတွင် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ ကြောင်းကို နှလုံး သွင်းသိထားကြလော့။