Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 261 — Surah Al-Baqarah 2:261

(အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီးရယူရန် အလို့ငှာ) အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သူတို့၏ ဥစ္စာဓန (စွမ်းရည်နှင့်နည်းပညာ) များကို စွန့်လှူပေးကမ်းလှူဒါန်းသူတို့၏ပုံဆောင်ဥပမာမှာ “အစေ့အဆံတစ်ခုမှ အစို့အညှောက်ထွက်၍ ကောက်နှံခုနှစ်နှံ ပေါက်ပွားလျှက် ထိုကောက်နှံတစ်ခုစီမှ တစ်ဖန် အစေ့အဆံအခု တစ်ရာစီအထိ တိုးပွားလာစေသည့် မျိုးစေ့မျိုးကောင်းကဲ့သို့ပင် ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသူတို့အား အဆမတန် တိုးပွားဖွံ့ဖြိုးစေတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဘုန်းတန်ခိုးဩဇာတော်အားဖြင့် အရာခပ်သိမ်းကို လွှမ်းခြုံထားတော်သောမူအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။