Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 263 — Surah Al-Baqarah 2:263
အလှူဒါနတွင် (တရားတော်နှင့်အညီ) မျှတစွာပြုမူပြောဆိုဆက်ဆံခြင်းနှင့် (အရှင်မြတ်၏ကျေနပ်နှစ်မြို့ မှုကို ရယူရှာမှီး၍) လူတို့အား စာနာခွင့်လွှတ်ခြင်းတို့သည် ပေးကမ်းစွန့်လှူပြီးနောက် (အမှတ်ယူကြွားဝါခြင်းနှင့်မကြေမလည်ဖြစ်ခြင်းတို့ဖြင့်) ပေးကမ်းလှူဒါန်းခဲ့သည့်အရာနောက်ကို လိုက်လျှက် ရက်ရောမှု၏ဂုဏ်ကျေးဇူးကို ဖော်ထုတ်၍ (အလှူလက်ခံရယူသူတို့အား) မခံချိမခံသာဖြစ်အောင် ပြုမူပြောဆိုဆက်ဆံလှူဒါန်းခြင်းတို့ထက် အမြတ်ဆုံးပင် ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ လိုလားတောင့်တမှုများကို ဖြည့် ဆည်းပေးတော်မူသည့် ကုံလုံပြည့်စုံတော်မူသောအရှင်၊ မရည်ရွယ်ဘဲ ချွတ်ချော်မှားယွင်းမှုများအတွက် လူသားတို့အား အခွင့်အလမ်းပေးတော်မူ၍ စာနာထောက်ထားတော်မူသောအရှင် ဖြစ်တော်မူ၏။