Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 264 — Surah Al-Baqarah 2:264

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့ ပေးကမ်းလှူဒါန်းခဲ့သည့်အလှူဒါနများအပေါ်တွင် (အမှတ်ယူ ကြွားဝါ၍) ရက်ရောမှု၏ဂုဏ်ကျေးဇူးကိုဖော်ထုတ်လျှက် (အလှူလက်ခံရယူသူတို့အား) မခံချိမခံသာဖြစ်အောင် ပြုမူပြောဆိုဆက်ဆံခြင်းဖြင့် သင်တို့၏အလှူဒါနများကို အချည်းနှီး၊ အလဟသ မဖြစ်စေကြလေနှင့်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ဥစ္စာဓနကို လှူဒါန်းသူသည် အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့အပေါ်တွင် အယုံအကြည် မရှိသူ ဖြစ်ပြီး လူတို့အား (လူမြင်ကောင်းအောင်) ပြစားရန်အတွက်သာ လှူဒါန်းရာရောက်၏။ သူ၏ပုံဆောင် ဥပမာမှာ မြေမှုန့်များချန်ထားသည့် မာကျောပြောင်လက်နေသော ကျောက်တုံးချောပေါ်ဝယ် သည်းထန်စွာ ရွာသွန်းပချသည့် မိုးရေကြောင့် မြေမှုန့်တစ်စက်ပင် မကျန်ရစ်အောင် ပွတ်တိုက်စားခြင်းခံခဲ့ရသည့် ထိုကျောက် တုံးချောကဲ့သို့ပင် ဖြစ်ပြီး (အရှင်မြတ်ပြဌာန်းထားသော စည်းမျဉ်းတော်နှင့်မကိုက်သည့်) သူ့ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့သမျှသည် မည်သည့်တစ်စုံတစ်ရာကိုမျှ (တမလွန်ဘဝ၌ အကျိုးဆက်အဖြစ် ရရှိရန်) ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အား လမ်းညွှန်တော် မမူချေ။