Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 265 — Surah Al-Baqarah 2:265

(တိကျသေချာ ပြတ်သားသော ယုံကြည်မှုကို) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၌ စွဲမြဲစွာ အခိုင်အမာ အမြစ်တွယ်စေလျှက် အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီးရယူရန်အလို့ငှာ (စိတ်ရင်းစေတ နာဖြူစင်စွာဖြင့်) ပေးကမ်းလှူဒါန်းစွန့်လှူသူတို့၏ဥပမာသည်ကား မြေဩဇာပေါကြွယ်ဝသည့် တောင်စောင်းတွင် မိုးကောင်းလျှင်ကောင်းသည့်အလျောက် အသီးအနှံများကို နှစ်ဆရိတ်သိမ်းနိုင်သော၊ မိုးနည်းလျှင် နည်းသည့်အလျောက် ရိက္ခာလုံလောက်စွာ ရရှိနိုင်သော ဥယျာဉ်ခြံကြီးတစ်ခုကဲ့သို့ပင် ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင် မြတ်သည် သင်တို့ပြုမူကျင့်ကြံဆောင်ရွက်သမျှကို အကြွင်းမဲ့ သိနေမြင်နေပတော်မူ၏။