Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 266 — Surah Al-Baqarah 2:266
အောက်ခြေ၌ အလျဉ်းမပြတ် တသွင်သွင်စီးဆင်းနေသော စိမ့်စမ်းရေနှင့်အတူ စွန်ပလွံ၊ စပျစ်နှင့်အခြား သစ်သီးဝလံမျိုးစုံ တလှိုင်လှိုင်သီးနေသည့် ဥယျာဉ်ခြံကြီးကို ပိုင်ဆိုင်ထားသော်လည်း အသက်အရွယ် အိုမင်းရင့်ရော်ကာ ဇရာထောင်းပြီး အားနည်းချို့တဲ့သောသူသည် ရင်းသွေးများရသည့်အချိန်ကျမှ မီးမုန်တိုင်းကျရောက်လာ၍ ထိုဥယျာဉ်ခြံကြီးအား လောင်းကျွမ်းပျက်စီးခံလိုက်ရသူ၏အဖြစ်ဆိုးမျိုးကဲ့သို့ သင်တို့အနက်မှ မည်သူက ထိုအဖြစ်မျိုးကို လိုချင်နှစ်သက် မည်နည်း။ သင်တို့က စဉ်းစားဆင်ခြင်တွေးတောနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ထိုကဲ့သို့ပင် အာယာသ်သက်သေလက္ခဏာတော်များကို ထင်ရှားမြင်သာအောင် ရှင်းလင်းဖော်ပြတော်မူ၏။