Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 267 — Surah Al-Baqarah 2:267

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့ပြုမူလုပ်ဆောင်ကျင့်ကြံ၍ ရယူပိုင်ဆိုင်သည့်အရာများနှင့်ငါအရှင်မြတ်က သင်တို့အတွက် မြေကမ္ဘာမှ ထုတ်ပေးတော်မူသောအရာများမှ သန့်ရှင်းကောင်းမွန်သည့်အရာများကို (ဆင်းရဲနွမ်းပါးသော လူသားတို့၏အကျိုးအတွက်) ပေးကမ်းစွန့်လှူကြလော့။ အဖက်မတန်ဟု သဘောထားလျှက် သင်တို့ကိုယ်တိုင် မတတ်သာ၍ မျက်စိစုံမိတ်ပြီးယူရခြင်းမှအပ လက်မခံချင်သောအရာများအား စိတ်ကူးဖြင့်ပင် မရည်ရွယ်၊ မလှူဒါန်းကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏လိုလားတောင့်တမှုများကို ဖြည့်ဆည်းပေးတော်မူသည့် ကုံလုံပြည့်စုံတော်မူသောအရှင်၊ လောကခပ်သိမ်းကို မျှတလိုက်ဖက်စေပြီး ချီးမွမ်း မြတ်နိုးဖွယ်ကောင်းအောင် ဖြစ်တည်စေတော်မူသော ချီးမွမ်းမှုအလုံးစုံနှင့်ထိုက်တန်တော်မူသည့်အရှင် ဖြစ်တော်မူ၏။