Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 268 — Surah Al-Baqarah 2:268

စေတန်မကောင်းဆိုးဝါးသည် (အလှူဒါနလုပ်လျှင် မကြာခင်ဆင်းရဲသွားမည်ဖြစ်ကြောင်း) သင်တို့အား အခိုင်အမာ ကတိပေး ပြောဆိုပြီး (အရှင့်စည်းမျဉ်းဘောင်ကို လွန်ကျူးစေသည့်) မဖွယ်မရာ၊ စက်ဆုပ်ရွံရှာဖွယ်ရာ မလုပ်သင့်မလုပ်ထိုက်သော ပြုမူဆောင်ရွက်မှုများအတွက် အမိန့်ပေးညွှန်ကြားနေ၏။ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် ချမှတ်ပေးတော်မူသည့် စည်းမျဉ်းတော်များကို မတော်တဆ ချိုးဖောက်မိ၍ ပြစ်ဒဏ်ချခံရခြင်းမှ ခွင့်လွတ်တော်မူရန်) သင်တို့အား အရှင့်ထံတော်မှ လွှတ်ငြိမ်းချမ်းသာခွင့်နှင့်အရှင့်ကျေးဇူးတော်ဖြစ်သော အသက်ရှင်ရပ်တည်ရေးလိုအပ်ချက်တို့အတွက် ကတိပေးတော်မူ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဘုန်းတန်ခိုး၊ ဩဇာ၊ နိယာမများနှင့်စည်းစနစ်များဖြင့်) အရာခပ်သိမ်းကို ဝန်းခြုံထားတော်မူသောအရှင်၊ (အရာခပ်သိမ်းတို့၏ကောင်းကျိုးဆိုးကျိုးတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။