Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 269 — Surah Al-Baqarah 2:269
အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းစည်းကမ်းနှင့်အညီ) အလိုရှိတော်မူသောသူအား (အကြောင်းကိစ္စဟူသမျှကို မျှတစွာ စီရင်ဆုံးဖြတ်နိုင်ရန်အလို့ငှာ ဓမ္မသတ်အခွင့်အာဏာဆိုင်ရာ) အမြော်အမြင် ပေးအပ်တော်မူပြီး ထိုသို့ အမြော်အမြင်ပေးအပ်ခြင်းခံရသူသည် ကောင်းမှုအကျိုးကျေးဇူးများစွာကို ပေးအပ်ခံရသူ မုချပင် ဖြစ်ကြောင်း မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသော ပညာရှင်တို့မှအပ မည်သူမျှ သတိထား၍ အလေးအနက် ဆင်ခြင်ကြမည် မဟုတ်ပေ။