Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 271 — Surah Al-Baqarah 2:271

အကယ်၍ ပေးကမ်းစွန့်လှူမှုများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ကြလျှင် (သင်တို့ လှူဒါန်းခွင့်ရသည့် အရာများသည် အရှင်မြတ်ထောက်ပံ့ထားတော်မူသော အရာများဖြစ်၍ ယင်းသည်) ကောင်း၏။ သို့သော် အကယ်၍ ချို့တဲ့နွမ်းပါးသူတို့အား သိုသိုသိပ်သိပ် (ညာလက်မှ ပေးလှူသည်ကို ဘယ်လက်ဖြင့် မသိစေဘဲ) ပေးကမ်းစွန့်လှူလျှင် သင်တို့အတွက် အကောင်းဆုံးပင်ဖြစ်ပြီး (ယင်းကိုအကြောင်းပြု၍) အရှင်မြတ်က သင်တို့၏မကောင်းမှုများမှ အချို့ကို ဖယ်ရှားဖုံးကွယ်တော်မူလိမ့်မည်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံ ဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အလုံးစုံကို အသေးစိတ်ရယူထားတော်မူသောအရှင် ဖြစ်တော်မူ၏။