Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 272 — Surah Al-Baqarah 2:272
(အို၊ ရစူလ်တမန်တော် အသင်၏တာဝန်မှာ အရှင့်အမိန့်တော်များကို လူသားထံ သယ်ပို့ပေး၍ အသိပေး ရန်သာ ဖြစ်၏။ ကိစ္စရပ်တိုင်း၌ သူတို့အား အရှင့်လမ်းညွှန်မှုအတိုင်း ဆောင်ရွက်စေရန်တာဝန် မရှိပေ။) သူတို့အား လမ်းညွှန်မှုရစေရန် သင့်အပေါ်၌ တာဝန်မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းစည်းကမ်းနှင့်အညီ) အလိုရှိတော်မူသောသူအား လမ်းညွှန်တော်မူလိမ့်မည်။ (အရှင်မြတ်ပေးအပ်တော်မူသောကြောင့် ပိုင်ဆိုင်ခွင့်ရသော) ကောင်းမြတ်သည့်အရာများမှ သင်တို့ စွန့်လှူပေးကမ်းလှူဒါန်းသမျှသည် (တမလွန်၌ အကျိုးဆက်ခံစားခွင့်ရရန်) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များအတွက် သင်တို့ကိုယ်တိုင် လုပ်နေခြင်းဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုကို ရှာမှီး၍ အရှင့်စည်းမျဉ်းတော်နှင့်အညီမှအပ (အခြား မည်သည့် ရည်စူးချက်အတွက်မျှ) စွန့်လှူခြင်း မပြုကြလေနှင့်။ ကောင်းမြတ်သည့်အရာများမှ သင်တို့ စွန့်လှူပေးကမ်းလှူဒါန်းသမျှ၏အကျိုးဆက်သည် သင်တို့ထံ အပြည့်အဝ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး အရှင့် စည်းဘောင်ကို ကျော်လွန်၍ မမျှတမှုပြုခံရမည် မဟုတ်ပေ။