Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 273 — Surah Al-Baqarah 2:273
အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (သူတို့၏ဘဝတစ်ခုလုံးကို) နစ်မြုပ်ထားသည့်အတွက် မြေကမ္ဘာပေါ် ဝယ် သွားလာလှုပ်ရှား (၍ အသက်ရှင်ရပ်တည်းရေးဆိုင်ရာ လိုအပ်ချက်များကို ရှာဖွေ) ရန် မတတ်စွမ်းနိုင်သော ဆင်းရဲနွမ်းပါးသူတို့သည် (အရှင်မြတ်မှအပ အခြားအရှင့်အစေခံများထံ လက်ဖြန့်ခြင်းကို မနှစ်သက်သောကြောင့်) လူတို့ထံ ခယတွယ်ကပ်တောင်းရမ်းခြင်းကို မပြုကြသော်လည်း သူတို့၏အမူအရာနှင့်အခြေအနေအရ သူတို့သည် အမှန်ပင်၊ ချို့တဲ့ကြောင်း သိသာပေါ်လွင်နေပါလျှက်နှင့် ပညာမဲ့တို့က (ဥစ္စာဓနနှင့်လောကီ မက်မောမှုကြောင့် မရိပ်မိနိုင်ဘဲ) သူတို့အား ချမ်းသာသူများအဖြစ် မှတ်ယူကြသည်။ အလ္လာဟ်အရှင်မြတ်သည် (သင်တို့အား ပေးအပ်တော်မူသည့်) ကောင်းမြတ်သည့်အရာများမှ သင်တို့က စွန့်လှူပေးကမ်းလှူဒါန်းသမျှနှင့်ပတ်သက်၍ အသေးစိတ်ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူ၏။