Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 274 — Surah Al-Baqarah 2:274

လူခြေတိတ်ဆိတ်သည့်ညယံအချိန်တွင်ဖြစ်စေ၊ နေ့အချိန်၌ လူမြင်ကွင်းတွင်ဖြစ်စေ၊ သိုသိုသိပ်သိပ်ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ၊ သူတို့ဥစ္စာဓန (စွမ်းရည်နှင့်နည်းပညာများ) ကို စွန့်လှူပေးကမ်းလှူဒါန်းကြသူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များရှိပြီး သူတို့၌ မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိလိမ့်မည်မဟုတ်ပေ။ (အရှင်မြတ်၏ကူညီစောင်မမှုကို အစဉ်အမြဲ တွေ့ရမည်ဖြစ်သောကြောင့်) သူတို့သည် ပူဆွေးသောကရောက်ကြရမည်လည်း မဟုတ်ပေ။