Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 275 — Surah Al-Baqarah 2:275

အတိုးစားသူ (ခေါင်းပုံဖြတ်သူ၊ မတရားအမြတ်ကြီးစားသူ) တို့သည် စေတန်မကောင်းဆိုးဝါး၏ထိတွေ့မှု ကြောင့် ညှို့ယူဖမ်းစားခံရ၍ တွေဝေမူးနောက်လျှက် မွှန်ထူသွားသောသူတို့ ရပ်တည်သကဲ့သို့ ရပ်တည်ချက်မျိုးမှအပ (အခြားမည်သည့်နည်းနှင့်မျှ) ရပ်တည်နိုင်ကြမည် မဟုတ်ပေ။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့က “ကုန်သွယ်ရောင်းဝယ်မှုသည် အမှန်ပင် အတိုးစားခြင်း (ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်း) ကဲ့သို့ပင် ဖြစ်၏။” ဟု ပြောကြပြီး အလ္လာဟ်အရှင်မြတ်သည် ကုန်သွယ်ရောင်းဝယ်မှုကို ခွင့်ပြုတော်မူ၍ အတိုးစားခြင်း (ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်း) ကို တားမြစ်တော်မူသောကြောင့်ပင် ဖြစ်၏။ မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ ဆုံးမဩဝါဒတော် ရောက်လာခြင်းအား ကြိုဆိုလက်ခံပြီး (အတိုးစားခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်းတို့) ကို စွန့်လွှတ် ရပ်ဆိုင်းကြလျှင် အတိတ်ကာလ၌ ထိုနည်းဖြင့် သူရှာဖွေစုဆောင်းခဲ့သမျှနှင့်သူ့အရေးကိစ္စကို (အရှင်မြတ်ခွင့် လွတ်တော်မူပါစေကြောင်း အသနားခံခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်ထံသို့သာ ဦးတိုက်လျှောက်ကြလော့။ မည်သူမဆို ဖီဆန်ကျူးလွန်လျှင် ထို (ကျူးလွန်မှု၌ပါဝင်) သူတို့သည် ငရဲမီး၏အဖော်များဖြစ်ကြပြီး (ယင်းငရဲဘုံ၌) ကာလအကန့်အသတ်မဲ့ နေထိုင်ကြရလိမ့်မည်။