Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 276 — Surah Al-Baqarah 2:276
အလ္လာဟ်အရှင်မြတ်သည် အတိုးစားခြင်း (ခေါင်းပုံဖြတ်ခြင်း၊ မတရားအမြတ်ကြီးစားခြင်းတို့) ဖြင့် ရှာဖွေစုဆောင်းရထားသည့် ဓနဥစ္စာများကို (အပြည့်အဝ ခံစားခွင့်မရအောင်) ဆုတ်ယုတ်ပျက်စီးစေတော်မူမည်ဖြစ်ပြီး (ချို့တဲ့သူတို့အား ပေးကမ်းလှူဒါန်းသည့်) အလှူဒါနကို တိုးပွားစေတော်မူ၏။ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်မှု (အရှင့်အမိန့်တော်များကို ကျူးလွန်ဖီဆန်မှုတို့) ၌ (ခေါင်းမာမာဖြင့် စွဲမြဲစွာရပ်တည်သူများနှင့်အလျော့မပေးဘဲ အဆက်မပြတ်) အပြစ်ကျူးလွန်သူတို့ကို နှစ်မြို့တော် မမူချေ။