Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 279 — Surah Al-Baqarah 2:279
အကယ်၍ (အတိုးအညွန့်၊ ခေါင်းပုံဖြတ်ခြင်းနှင့်မတရားအမြတ်ကြီးစားခြင်းတို့နှင့်စပ်လျဉ်း၍ အရှင်မြတ်မိန့်တော်မူသည့်အတိုင်း) မပြုလုပ်ကြလျှင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်ထံမှ စစ်ကြေညာခြင်း သတိပေးချက်ကို ရယူကြလော့။ အကယ်၍ သင်တို့က (သင်တို့၏စိတ်ကြိုက်မူဝါဒလမ်းစဉ်များကို စွန့်လွှတ်၍) နောင်တဖြင့် (အရှင့်လမ်းစဉ်ဘက်သို့) လှည့်ကြလိုလျှင် သင်တို့၏ဥစ္စာဓနမှ (အတိုးနှင့်ခေါင်းပုံဖြတ်ခြင်းဖြင့် ရထားသည့် အမြတ်များကို ဖယ်ထုတ်၍) အဓိက မတည်ငွေ၊ အရင်းအနှီးများသည် ထိုသူတို့အတွက်ပင် ဖြစ်၏။ သို့မှသာ မတရားပြုရာမရောက်သည့်အပြင် မတရားပြုခံ ရမည်လည်း မဟုတ်ကြပေ။