Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 28 — Surah Al-Baqarah 2:28
သင်တို့အား သက်မဲ့ (ဖြစ်သည့်သုက်ရည်အဆင့်) မှ သက်ရှိ (လူသားအဆင့်သို့) ဖြစ်စေတော်မူကြောင်း သိမြင်ကြပါလျက်နှင့်အလ္လာဟ်အရှင်မြတ်အား မည်သို့ မယုံကြည်ငြင်းပယ်နိုင်ကြအံ့နည်း။ သင်တို့အား သေစေတော်မူခြင်း (ကို “ကွယ်လွန်လျှင် မြေမြှပ်သဂြိုဟ်၍ မြေကြီးဖြစ်သွားမည်။” သို့မဟုတ်၊ “မီးရှို့သဂြိုဟ်၍ ဖြာဖြစ် သွားမည်။”ဟုသာ မှတ်ယူနေခြင်း) မှတစ်ဖန် ရှင်ပြန်ထမြောက်စေတော်မူပြီးနောက် အရှင့်ထံတော်သို့ပင် သင်တို့အားလုံး လှည့်ပြန်စေတော်မူခြင်းခံကြရလိမ့်မည်။