Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 281 — Surah Al-Baqarah 2:281
သင်တို့အားလုံးအား အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်သို့ (တရားစီရင်ခြင်းခံကြရရန်) ခေါ်ဆောင် ရောက်ရှိစေပြီးနောက် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) တိုင်းအား (လောကီဘဝ၌) ပြုမူကျင့် ကြံလုပ်ဆောင်ခဲ့သမျှအတွက် (အကျိုးဆုလဒ်နှင့်ပြစ်ဒဏ်များကို သူတို့၏လုပ်ဆောင်ချက်များနှင့်အညီ မျှတစွာဖြင့် အပြည့်အဝ) ပြန်လည် ရရှိစေမည့်နေ့၊ သူတို့အားလုံး (တစ်ယောက်မကျန်တို့) သည် မတရားစီရင်ဆုံးဖြတ် ခြင်းခံကြရမည် မဟုတ်သောနေ့အထိ၊ ထို (တမလွန်တရားစီရင်မည့်) နေ့ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ကြလော့။