Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 283 — Surah Al-Baqarah 2:283
အကယ်၍ သင်တို့သည် ခရီးစဉ် တစ်ခု၌ ရှိနေပြီး (ကုန်သွယ်မှု အရောင်းအဝယ် ကတိခံဝန်ချက် လုပ်ရသော အခြေအနေတွင်) မည်သည့် စာချုပ်ရေးမှတ်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့လျှင် (သင့်တော်ထိုက်ထန်သည့်) အာမခံပစ္စည်းတစ်ခုခုကို (မြီရှင်ထံ) အပ်နှံထားကြလော့။ သို့သော် အကယ်၍ သင်တို့သည် တစ်ဦးပေါ်တစ်ဦး ယုံကြည်စိတ်ချကြလျှင် (ကတိအတိုင်း အကြွေးပြန်ဆပ်မည်ဖြစ်ကြောင်းကို မြီရှင်က ယုံကြည် စိတ်ချစွာဖြင့်) ယုံကြည်အပ်နှံမှုကို ယုံကြည်အပ်နှံခြင်းခံထားရသူ (မြီစားအား သူ၏အသိစိတ်ဓါတ်ဖြင့် ပေးချေရန်နှင့်သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များနှင့်အညီ အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်လိုက်နာကျင့်သုံး) ရန် (ယုံကြည်စိတ်ချစွာဖြင့်) လွတ်ထားသင့်သည်။ ထို့ပြင် (သင်တို့အနက် မည်သူမဆို) သက်သေသက်ကန်များကို ထိန်ချန်လျှို့ဝှက်၍ ဖျောက်ဖျက်ခဲ့လျှင် ဧကန်မုချ ထိုသူသည် သူ၏ (ယုံကြည်မှုဆိုင်ရာ ဗဟိုမဏ္ဍိုင်ဖြစ်သော နှလုံးသား၌ အပြစ်ဒုစရိုက်များကို စွန်းထင်းစေ၍) မကောင်းသော နှလုံးသားပိုင်ရှင်ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူဆောင်ရွက်သမျှကို အကြွင်းမဲ့ သိနေတော်မူ၏။