Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 284 — Surah Al-Baqarah 2:284
မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုဟ်တို့သည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာ၌သာရှိ၍ အရှင်မြတ်) ပိုင်ဆိုင်တော်မူသောအရာများ ဖြစ်၏။ သင်တို့၏စိတ်နှလုံးများ၌ (ကြိုတင်ကြံစည်၍ ရည်ရွယ်လျှက် ယင်းကို လူသိရှင်ကြား) ထုတ်ဖော်ဖွင့်ချသည်ဖြစ်စေ သို့တည်းမဟုတ် လျှို့ဝှက်ထိန်ချန်ထားသည်ဖြစ်စေယင်း (တို့) နှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်က သင်တို့အား စစ်ဆေးမေးမြန်းပြီး စီရင်တော်မူလိမ့်မည်။ အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူပြီး အရှင့်ဆန္ဒတော်က (အရှင့်စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူမည်။