Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 285 — Surah Al-Baqarah 2:285
ရစူလ်တမန်တော်နှင့်ယုံကြည်သူအားလုံးက အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအီကာစေတမန်များ၊ အရှင့်ကျမ်းတော်များနှင့်အရှင့်ရစူလ်တမန်တော်များကို (ဖြူစင်စွာ) ယုံကြည်ကြ၍ ကျွန်ုပ်တို့သည် အရှင့်ရစူလ်တမန်တော်များအနက်မှ မည်သည့်တမန်တော်ကိုမျှ တစ်ပါးနှင့်တစ်ပါးကြားဝယ် ခွဲခြားခြင်းမပြုဘဲ (ယုံကြည်လျှက်) တမန်တော်မြတ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ထံတော်မှ ရစူလ်တမန် တော် (မုဟမ္မဒ်) အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်သမျှကို ယုံကြည်ကြသည်။ သူတို့က “(အရှင်မြတ် ချမှတ်ပေးအပ်သမျှနှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ ကြားနာကြပါ၏။ နာခံလိုက်နာကြပါ၏။ အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ် တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ အသင်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်အတွက် အသနားခံလျှောက်တင်ပါ၏။ ကျွန်ုပ်တို့ဘဝ၏နောက်ဆုံးခရီးပန်းတိုင်မှာ အရှင့်ထံသို့သာ ဖြစ် (ကြောင်း သိနားလည်ကြပါ) ၏။” ဟု ပြောဆိုကြခဲ့သည်။