Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 29 — Surah Al-Baqarah 2:29

(လူသား၏ဖွဲ့စည်းဖြစ်တည်စေမှုကို စတင်ဖြစ်စေတော်မမူမီ ကမ္ဘာဂြိုဟ်၌ လူသားတို့ အသက်ရှင်ရပ်တည် နိုင်ရေးအတွက် သင့်တော်သော ပြင်ဆင်မှုများဖြင့် စနစ်တကျ ဖြစ်တည်စေတော်မူ၏) ။ ထိုအရှင်မြတ်သည် ကမ္ဘာအဝှန်း၌ သင်တို့အကျိုးအတွက် လိုအပ်သမျှ အလုံးစုံကို ဖြစ်တည်စေတော်မူပြီးနောက် ကောင်းကင်ယံဘက်သို့ (အရှင့်ဉာဏ်တော်၊ ဆန္ဒတော်၊ တန်ခိုးတော်နှင့်ကျေးဇူးတော်ဖြင့်) လှည့်တော်မူ၍ မိုးခုနစ်ထပ်ကို နေထားတကျ ပြုလုပ်တော်မူ၏၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။