Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 3 — Surah Al-Baqarah 2:3
ထို (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာကြသော) သူတို့သည် (ကုရ် အာန်ကျမ်းတော်လာ) အကွယ်၌တည်ရှိနေသောအရာများ အမှန်ပင် တည်ရှိကြောင်း ယုံကြည်ကြပြီး ဆွလာသ်ကို (ယင်း၏စည်းမျဉ်းများနှင့်အညီမြဲမြံစွာ) ဝတ်ပြုဆောက်တည်ကြသည့်အပြင် သူတို့အား ငါအရှင်မြတ်ပေးအပ် တော်မူထားသော ရိက္ခာ (ဥစ္စာဓန၊ ဉာဏ်ပညာ၊ စွမ်းရည် စသည်တို့) မှ (သူတစ်ပါးအတွက် ဝန်ထုပ်မဖြစ်စေဘဲ အရှင်မြတ်၏ကျေနပ်နှစ်သက်မှုအတွက်သာ ဆင်းရဲနွမ်းပါးသူများနှင့်အရှင်မြတ်နှစ်သက်တော်မူသည့်ကိစ္စရပ်များ အတွက်) ပေးကမ်းစွန့်လှူကြသည်။