Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 30 — Surah Al-Baqarah 2:30
(သတိရလော့။) သင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က မလာအီကာ စေတမန်များအား ""ဧကန်အမှန်၊ ငါအရှင်သည် မြေကမ္ဘာ၌ (အရှင့်ဂုဏ်တော်များဖြစ်သော သနားကြင်နာခြင်း၊ မေတ္တာထားခြင်း၊ ကူညီစောင်မခြင်း စသည်တို့ကို ထင်ရှားစေမည့်) ကိုယ်စားလှယ်တော်တစ်ဦးကို (ဖွဲ့စည်းဖြစ် တည်စေတော်မူ၍) ခန့်အပ်မည်။""ဟု မိန့်တော်မူသော် သူတို့က ""အဖျက်အမှောင့်နှင့်သွေးထွက်သံယိုမှု ပြုမည့်သူ အား ခန့်အပ်တော်မူပါမည်လော။ ကျွန်ုပ်တို့က အရှင်မြတ်သည်သာ တုနှိုင်းမဲ့ မြင့်မြတ်တော်မူကြောင်းကို အရှင့် အနှိုင်းမဲ့ ချီးကျူးထိုက်တော်မူသော ပကတိဂုဏ်တော် (များဖြစ်သည့် ချို့တဲ့မှု ကင်းတော်မူသောအရှင်၊ ချီးမွှမ်းမှုဟူသမျှနှင့်ထိုက်ထန်တော်သူသောအရှင်၊ စသော ဂုဏ်တော်) များဖြင့် ဂုဏ်တင်ပြီး အရှင်မြတ်တစ်ပါးတည်း သာလျှင် အမြင့်မြတ်ဆုံးနှင့်ကိုးကွယ်ရန် အထိုက်ထန်ဆုံးသောအရှင် ဖြစ်တော်မူကြောင်း ""လျှောက်တင်ပန်ကြားကြ၏။ ထိုအခါ အရှင်မြတ်က အသင်တို့ မသိသည်ကို ငါအရှင်မြတ်သာ မုချပင်၊ သိနေတော်မူ၏။""ဟု မိန့်တော်မူ၏။