Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 31 — Surah Al-Baqarah 2:31
(အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာဉီးလူသားအာဒမ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး) အဒမ်အား (လူ့ဘဝ ခရီးစဉ်သမိုင်းတစ်လျှောက် လူသားတို့ အသက်ရှင်ရပ်တည်ရေးတွင် အသုံးချနိုင်မည့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး စသော နယ်ပယ်အသီးသီးအတွက် နည်းစနစ်များ၊ အသုံးအနှုံးများနှင့်) အမည်အခေါ်အဝေါ် အားလုံးကို သင်ကြားပေးတော်မူ၍ (လူသားကို ဖွဲ့စည်းဖြစ်တည်စေတော်မူလျက် ကမ္ဘာဂြိုဟ်ပေါ်သို့ ကိုယ်စားလှယ်တော်အဖြစ်စေလွှတ်ခြင်း၌ အရှင့်အမြော်အမြင်ရှိကြောင်းနှင့်လူသားတို့အား သက်ရှိအားလုံးထက် သာလွန် မြင့်မြတ်စေတော်မူကြောင်းကို နားလည်နိုင်ရန်) မလာအီကာစေတမန်များ၏ရှေ့သို့ခေါ်ဆောင်၍ ""အကယ်၍ အသင်တို့သည် ဖြောင့်မတ်မှန်ကန်သူများဖြစ်ကြလျှင် ဤအရာများ၏အမည်များကို သတင်းပေး ပြောပြကြလော့။""ဟု မိန့်တော်မူ၏။