Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 32 — Surah Al-Baqarah 2:32

(သူတို့၏မပြည့်စုံမှု၊ အသိဉာဏ်မကြွယ်မှုနှင့်လူသားအား ဖွဲ့စည်းဖြစ်တည်စေရခြင်း၌ မြှုပ်ကွယ်နေသော အရှင့်အမြော်အမြင်ဆိုင်ရာ အမှန်တရားများကို နားမလည်ကြောင်း ဝန်ခံသည့်အနေဖြင့် မလာအီကာ စေတမန် များဖြစ်ကြသော) သူတို့က ""အရှင်မြတ်သည် ချို့တဲ့မှုအပေါင်း လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော် မူခြင်း၊ (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်း၊ ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူကြောင်းကို) ကျွန်ုပ်တို့ ဂုဏ်တင်ကြပါ၏။ ကျွန်ုပ်အား အသိပေးခံရသည်မှအပ ကျွန်တော်မျိုးတို့မှာ အခြားအသိတရားဟူ၍ အလျှင်း မရှိပါ။ ဧကန်မုချ၊ အရှင်မြတ်သည် သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (အရေးကိစ္စတို့ကို စီရင်ဆုံးဖြတ်တော်မူရာ၌) ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။"" ဟု လျှောက်တင်ကြ၏။