Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 33 — Surah Al-Baqarah 2:33

(လူသား၏သာလွန်မြင့်မြတ်မှုကို ပိုမို၍ ထင်ရှားပေါ်လွင်အောင် ထုတ်ဖော်ပြသတော်မူရန်အလို့ငှာ) အလ္လာဟ်အရှင်မြတ်က ""အို၊ အာဒမ်၊ သူတို့အား ယင်းတို့၏အမည်များကို သတင်းပေးထုတ်ပြန်လော့။"" ဟု မိန့်တော်မူ၏။ အာဒမ်သည် ထိုအမည်များကို သူတို့အား သတင်းပေးထုတ်ပြန်သောအခါ အရှင်မြတ်က (မလာအီကာ စေတမန်များအား) ""မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသော မျက်ကွယ်ရာများကို ငါအရှင်မြတ် အကြွင်းမဲ့ သိနေတော်မူကြောင်း၊ သင်တို့က ဖွင့်ဟထုတ်ဖော်သည့် အရာများနှင့်သင်တို့က ထိန်ဝှက်ဖုံးကွယ်သည့်အရာ အားလုံးကိုလည်း အကြွင်းမဲ့ သိနေတော်မူကြောင်း သင်တို့အား ငါအရှင် ပြောတော်မူခဲ့ပြီ မဟုတ်လော့။""ဟု မိန့်ဆိုလေ၏။