Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 35 — Surah Al-Baqarah 2:35
ငါအရှင်မြတ်က ""အို၊ အာဒမ်၊ သင်နှင့်သင့်ကြင်ဖက်တို့ သုခဥယျာဉ်၌ အခြေချနေထိုင်၍ ဆန္ဒရှိသောနေရာ တိုင်း၌ အားရကျေနပ်သည်အထိ (စားသောက်ဖွယ်ရာများနှင့်သစ်သီးဝလံများကို) စားသုံးကြလော့။ သို့သော် (“ထာဝရရှင်သန် လိုစိတ်ဖြင့် လောဘတကြီး ကိုယ်ကျိုးရှာလျက် သဘောထားကွဲလွဲမှု ဖြစ်ပေါ်စေခြင်း” ကို ကိုယ်စားပြုသော) ဤအပင်နားသို့ မချဉ်းကပ်ကြလေနှင့်၊ ထို့သို့ချဉ်းကပ်ပါမူ သင်တို့သည် စည်းမျဉ်းတော်များကို ချိုးဖောက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများ အနက်မှ ဖြစ်ချေမည်။