Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 37 — Surah Al-Baqarah 2:37

(အာဒမ်က ဆင်ခြေပေးရမည့်အစား အမှားကို ပြင်ဆင်လိုသော မျှော်လင့်ချက်ဖြင့် အမှားဘက်သို့ ယိမ်းယိုင် ခဲ့မိသည့်အတွက် ဝန်ချတောင်းပန်ခဲ့၏။) ထို့နောက် အာဒမ်သည် သူ့အား ဖွဲ့စည်းဖြစ်တည်စေ၍ပြုစုပျိုးထောင် စေတော်မူသောအရှင်မြတ်၏ထံတော်မှ လှုံ့ဆော်၍ သိနားလည်စေသည့် မုက္ခပါတ်တော်ကို လက်ခံရရှိ၏။ (သူသည် နောင်တရ မဆုံးဖြစ်ပြီး အသနားခံတောင်းပန်လျှက်) နောင်တဖြင့် အရှင့်ဘက်သို့ လှည့်ပြန်ခြင်းကို အရှင်မြတ်က လက်ခံတော်မူခဲ့၏။ အမှန်စင်စစ်၊ ထိုအရှင်သည်သာလျှင် နောင်တဖြင့် အရှင့်ဘက်လှည့်ပြန်ခြင်း (အထူးသဖြင့် ယုံကြည်သူတို့၏ဝန်ချတောင်းပန်ခြင်း) ကို လက်ခံတော်မူသောအရှင်၊ အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူပေသတည်း။