Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 38 — Surah Al-Baqarah 2:38

ငါအရှင်မိန့်တော်မူသည်မှာ အသင်တို့အားလုံးသည် ယင်း (သုခဥယျာဉ်) မှ (အရှင့်အမိန့်စီမံချက်အတိုင်း) ဆင်းသွားကြလော့။ အကယ်၍ (တမန်တော်မှ တစ်ဆင့် ချမှတ်ပေးအပ်တော်မူသော) ငါအရှင်မြတ်ထံမှဖြစ်သော လမ်းညွှန်တော်အား သင်တို့ထံသို့ ရောက်ရှိစေတော်မူခဲ့လျှင် ငါ့လမ်းညွှန်တော်ကို လိုက်နာသူ၊ (နှင့်ယုံကြည်မှု အပြည့်ဖြင့် နာခံလိုက်နာလျက် အရှင့်ဘက်လှည့်သူ) တို့အတွက် (ငါအရှင်၏ကူညီစောင်မမှုအား အစဉ်အမြဲ တွေ့ရမည် ဖြစ်သောကြောင့်) သူတို့အပေါ် မည်သည့် စိုးရိမ်ကြောင့်ကြမှုမျှ ရှိစေတော်မူမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် ပူဆွေးသောကလည်း ရောက်ကြရမည်လည်း မဟုတ်ချေ။