Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 39 — Surah Al-Baqarah 2:39
သို့ရာတွင် မယုံကြည်သူ (နှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) များနှင့်ငါအရှင့်အာယသ်သက်သေ လက္ခဏာတော်များ (၌ဖော်ပြထားသည့် တစ်ဆူတည်းသောအရှင်မြတ်ကို ယုံကြည်ခြင်း၊ အရှင့်ထံသို့သာ စုရုံးစေတော်မူမည်ဖြစ်ခြင်း၊ အခြားယုံကြည်မှုသစ္စာတရားမဏ္ဌိုင်များကို ယုံကြည်ခြင်း စသည်တို့ကို သူတို့၏အတွင်း အပြင်လောက နှစ်ခုစလုံး၌ ထင်ရှားစေရုံသာမက အရှင့်လမ်းညွှန်ဖြစ်သည်ကိုလည်း ထင်ရှားစွာ ရှင်းလင်းဖော် ပြတော်မူသည့်တိုင်အောင် ယင်းတို့) ကို ဖီဆန်ငြင်းပယ်သည့်သူများသည် ငရဲမီး၏အဖော်များ ဖြစ်ကြပြီး ယင်း (ငရဲဘုံ) တွင် ကာလအကန့်အသတ်မဲ့ နေကြရမည့်သူများပင် ဖြစ်ကြသည်။