Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 44 — Surah Al-Baqarah 2:44

(သင်တို့သည်) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) အား အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချ သင့်သည့် သင်တို့၏တာဝန်ကို မေ့ပစ်ထားကြပြီး လူသားတို့အား ကောင်းမှုပြုရန် ဆုံးမသြဝါဒပေးလျက် လမ်းညွှန်လိုကြသလော။ သင်တို့သည် ကျမ်းတော်ကို ရွတ်ဖတ်ကြပြီး (အရှင့်အမိန့်ပညတ်ချက်များ၊ တားမြစ်ချက်များ၊ တိုက်တွန်းနှိုးဆော်ချက်များနှင့်သတိပေးချက်များကို သိမြင်ပါလျှက် စဉ်းစားဆင်ခြင်ရန်) အတွေးအခေါ်များ မရှိ ကြလေသလော။