Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 48 — Surah Al-Baqarah 2:48

မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော) စိတ်ဝိဉာဉ်မျှ အခြားနဖ်စ်အတွက် စိုးစဉ်းမျှ အကျိုးမပေးနိုင်သော (လူ တိုင်းက သူ့ကယ်ဆယ်ရေးအတွက်သာ အာရုံစိုက်နေရပြီး အခြားသူတို့၏လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သော၊ လောကီ၌ရခဲ့သော်လည်း ထိုနေ့တွင် အရှင့်ခွင့်ပြုချက်မရှိဘဲ မရနိုင်သော)၊ ကိုယ်စားအသနား ခံပေးခြင်း၊ အလျှော်အစားပေးခြင်းကို လက်မခံသော၊ ကူညီစောင်မမှုခံရမည် မဟုတ်သော ထို (ရှင်ပြန်ထရမည့်) နေ့ကို စိုးရွံ့ ထိတ်လန့် (လျှက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာ) ကြလော့။