Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 50 — Surah Al-Baqarah 2:50
(ပြန်သတိရကြလော့) ငါအရှင်သည် သင်တို့အတွက် (အီဂျစ်မှလွတ်မြောက်အောင် နှစ်ပေါင်းများစွာ ရုန်း ကန်စေခဲ့တော်မူပြီး ပင်လယ်အရောက်တွင် ဖါရိုစစ်တပ်က အမှီလိုက်လာခဲ့သောအခါ) ပင်လယ်ပြင်ကို ခွဲခဲ့ပြီး နောက် (သင်တို့၏ဝေစုမပါသော အရှင့်ကျေးဇူးတော်သက်သက်ဖြင့်) သင်တို့အား ကယ်တော်မူ၍ သင်တို့၏ရှေ့မှောက်တွင် ဖါရိုမင်းဆက်အား ရေနစ်စေတော်မူခဲ့စဉ် (ထိုအဖြစ်အပျက်ကို) သင်တို့ကိုယ်တိုင် မြင်တွေ့ခဲ့ကြပြီ ဖြစ်၏။