Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 53 — Surah Al-Baqarah 2:53

(သတိရကြလော့။) ငါအရှင်မြတ်သည် (သိနတောင်၌ ညပေါင်းလေးဆယ် သီတင်းသုံးနေသော တမန်တော်) မူဆာအား ကျမ်းတော်နှင့် (ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး အသိပညာကို တိရောက်စွာအသုံးချခြင်းဖြင့် အမှား၊ အမှန်ကို ခွဲခြားစေသည့်) မှတ်ကျောက်စံချိန်ကို ပေးအပ်တော်မူခြင်းမှာ သင်တို့က တရားလမ်းညွှန်ကို ရပြီးနောက် ယင်းနှင့်အညီ လိုက်နာကျင့်သုံးနိုင်ရန်ပင် ဖြစ်၏။