Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 54 — Surah Al-Baqarah 2:54
(တမန်တော်) မူဆာက သူ့လူမျိုးတို့အား “အို၊ ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် (ရွှေဖြင့်ထုလုပ်ထားသော) ထိုနွားငယ်အား ကိုးကွယ်ရာအဖြစ် အယူထားခြင်းသည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူ ထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော် အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်အလိုဆန္ဒအတိုင်းလိုက်လျှက် အမှန်ပင် မတော်မတရား မမှန်မကန်လုပ်ခဲ့ခြင်း ဖြစ်၏။ သို့ဖြစ်ရာ သင်တို့၏ချို့ တဲ့မှုအပေါင်း လုံးဝ ကင်းစင်တော်မူသောအရှင်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ဘက်သို့ နောင်တကြီးစွာရလျှက် ဦးလှည့်ကြလော့။ ထို့နောက် သင်တို့၏ (စိတ်အလိုနောက်ကိုသာ တကောက်ကောက်လိုက်နေသည့်) နဖ်စ်တို့ကို ချိုးနှိမ်သုတ်သင်ကြလော့။ (ထိုသို့လုပ်လျှင်) ယင်းသည် သင်တို့၏ချို့တဲ့မှု အပေါင်းလုံးဝ ကင်းစင်တော်မူသောအရှင်၊ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်ထံတော်၌ သင်တို့အတွက် အကောင်းဆုံးပင် ဖြစ်၏။ မုချဧကန်၊ အရှင်မြတ်သည် နောင်တကြီးစွာဖြင့် အရှင့်ဘက်လှည့်၍ အသနားခံတောင်းပန်ခြင်း) ကို (ရက်ရောစွာ) လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အားလုံးအပေါ် မပြတ် မစဲ သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။